ဖိုင်သို့မဟုတ်ဖိုလ်ဒါကိုရွေးချယ်၍Right Click နိပ်ပြီး Properties ကိုရွေးပါ။ပုံမှာပြထားတဲ့အတိုင်း
Properties Dialog Box ထဲရှိ Security Tab ကိုနိပ်ပါ။သင်ရွေးချယ်ထားသည့်ဟာ့ဒ်ဒစ်နှင့်
ဖိုလ်ဒါကိုသုံးစွဲနိင်ခွင့်ရထားသည်အသုံးပြုသူအမည်များကို ပေါ်ပိုင်တွင်ပြထားသည်။
အသုံးပြုသူတစ်ဦးချင်းအတွက်မည်သည့်အတိုင်းအတာအထိ သုံးစွဲခွင့်ပြုမည်ကိုအောက်ဘက်အပိုင်းတွင်
သတ်မှတ်ပေးနိုင်သည်။မည်သည့်ကွန်ပျုတာတွင်မဆို Administration အဆင့်ရှိအသုံးပြုသူများသည်
ဖိုင်၊ဖိုလ်ဒါနှင့် Drive အားလုံးကိုစိတ်ကြိုက်သုံးစွဲခွင့်ရှိပါတယ်။ထိုကြောင်းအသုံးပြုတိုင်းကို Admin
User အဖြစ်မသတ်မှတ်သင့်။အပေါ်ဘက်တွင်ရှိသည့်အသုံးပြုသူများထဲမှပြင်ဆင်လိုသည့်သုံးစွဲသူတစ်ဦး
သို့မဟုတ်အုပ်စုကိုရွေးချယ်၍ Edit ကိုနိပ်လိုက်ပါ။ခွင့်ပြုမည့်အချက်အလက်များကိုအမှန်ခြစ်ပေးပါ။
ပုံမှာနမူနာပြထားပါသည်။
ပုံမှာနမူနာရွေးပြထားသည်မှာ Admin မဟုတ်သည့်သုံးစွဲသူများအတွက်ရည်ရွယ်ဖော်ပြခြင်းဖြစ်ပါသည်။
မလိုအပ်သည့်သုံးစွဲခွင့်များကိုသင့်စိတ်ကြိုက်အတိုင်းပိတလထားနိင်ပါတယ်။အားလုံးသူငယ်ချင်းများအဆင်းပြေပါစေလို့ဆုတောင်းပါတယ်။



No comments:
Post a Comment
A Chit Soon Chit Blogger မှ Download လင့်များသေးနေပါက Comment ပေးထားခဲ့ပါလို့ပြောချင်ပါတယ်။